Friday, December 23, 2011

Computer

Computer ( ကွန်ပျူတာ )

ကွန်ပျူတာဆိုတာဘာလဲ?


ကွန်ပျူတာဆိုတာ တကယ်တော့ electronic machine လို့ခေါ်တဲ့ စက်တစ်မျိုးဖြစ် စက်တစ်မျိုးဖြစ် ပါတယ်။ သူက လူတွေလိုအပ်တဲ့ အချက်အလက်တွေကို ထည့်ပြီးတွက်ချက်ခိုင်းလို့ရသလို data တွေကို သိမ်းဆည်းလည်းထားနိုင်ပါတယ်။ ကွန်ပျူတာသည် Instruction ပေါင်းများစွာကို တွက်ချက်ပေးနိုင်တယ်။ ကွန်ပျူတာသည် လူတို့စေခိုင်းသမျှကို လုပ်ဆောင်ပေးသော machine တစ်မျိုးဖြစ်ပါတယ်။ ကွန်ပျူတာသည် မိတ်ဆွေတစ်ဦးသဖွယ် အမြဲတမ်းကိုယ့်ရဲ့ လက်တွဲဖော်အဖြစ်ဆောင်ရွက်နိုင်ပါတယ်။ ကိုပြင်းတဲ့အခါ ဗွီဒီယိုကြည့်ခြင်း၊ အင်တာနက်နဲ့ချိတ်ဆက်စကားပြော အပေါင်းအသင်းရှာခြင်း၊ ဂိမ်းကစားခြင်း၊ အင်တာနက် ပေါ်မှ မိမိသိရှိလိုသည်များကို ရှာဖွေခြင်း စသည်တို့ကို ပြုလုပ်နိုင်ပါတယ်။

ယနေ့ခေတ်တွင် ကွန်ပျူတာကို လူတိုင်းတတ်ထားသင့်သည်။ နည်းပညာဖွံ့ဖြိုးတိုး တက်မှ အသိပညာ၊ အတတ်ပညာ ဗဟုသုတ တိုးပွားမည်။ ကွန်ပျူတာခေတ်တွင် အင်တာနက်ကို အသုံးပြုပြီး နိုင်ငံတကာသို့ ခြေဆန့်နိုင်သည်။ အင်တာနက်ကြောင့် ကမ္ဘာသည် ရွာတစ်ခုဖြစ်ခဲ့သည်။ အင်တာနက်ကြောင့် ကမ္ဘာပေါ်မှလူအများ အချင်းချင်းဆက်သွယ်နိုင်ခဲ့ကြသည်။ ယနေ့ကမ္ဘာသည် အရမ်းကျဉ်းမြောင်းလာခဲ့သည်။ ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်ရန် လူငယ်များ ကွန်ပျူတာနဲ့ ပတ်သတ်သော နည်းပညာရပ်များကို ကြိုးစားသင်ယူဖို့လိုသည်။

ကွန်ပျူတာသည် မြန်မာပြည်ကို ကမ္ဘာကသိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ယနေ့အချိန်တွင် မြန်မာဘလောဂါတွေကြောင့် မြန်မာကို ကမ္ဘာ့နိုင်ငံများသိရှိလာခဲ့ပြီ။ မြန်မာတွေသည် ညံ့သူများမဟုတ်၊ အစွမ်းအစရှိသူများဖြစ်ကြသည်။ ယနေ့လူငယ်တွေလည်း ဂိမ်းကစားခြင်း၊ လက်ဖက်ရည်ဆိုင်ထိုင်ခြင်းဖြင့် အချိန်ဖြုန်းမည့်အစား ကွန်ပျူတာ နည်းပညာများကိုသင်ယူရင်း ကမ္ဘာကို မြန်မာဟေ့လို့ ဟစ်ကြွေးကြရအောင်။ ကျွန်ပျူတာတွင် Hardware နှင့် Software ဟူ၍ နှစ်ပိုင်းခွဲခြားထားသည်။ Hardware ဆိုသည်မှာ လက်ဖြင့်ကိုင်တွယ်ထိတွေ့နိုင်သော အရာအားလုံးကို Hardware ဟုခေါ်သည်။ Hardware ပိုင်းတွင် Input ၊ Output ၊ Storage နှင့် Processing ပိုင်းဟူ၍ ခွဲခြားထားသည်။ Input ဆိုသည်မှာ Keyboard ၊ Mouse ၊ Digital Camera ၊ Scanner စသည်တို့ဖြစ်သည်။ Output ဆိုသည်မှာ Printer ၊ Monitor ၊ Projector စသည်တို့ဖြစ်ပါသည်။ Storage ဆိုသည်မှာ မိမိသိမ်းဆည်းလိုသော data များကို သိမ်းဆည်းပေးထားသော device များကို ခေါ်သည်။ Storage Device များမှာ Hard Disk, CD, Flash Memory, Discette စသည်တို့ဖြသည်။ Processing အပိုင်းကို အဓိကအားဖြင့် Processor မှ ဆောင်ရွက်ပေး ပါသည်။

Software အပိုင်းကို အဓိကအားဖြင့် နှစ်ပိုင်းခွဲခြားထားပါသည်။ System Software နှင့် Application Software ဟူ၍ ခွဲခြားထားပါသည်။ System Software ဆိုသည်မှာ Machine တစ်ခုလုံးကို Operate လုပ်ပေးနိုင်သော Window System ကို ဆိုလိုခြင်းဖြစ်သည်။ Window System ဆိုသည်မှာ မိမိစက်တွင်အသုံးပြုသော Window ကို ဆိုလိုခြင်းဖြစ်သည်။ ဥပမာ- Window 3.11, Window 95, Window Me, Window 2000, Window XP, Window Vista ,Window 7 , Window 8  စသည်တို့ဖြစ်သည်။ Application Software ဆိုသည်မှာ မိမိအသုံးပြုလိုသော Software ကို Install လုပ်ပြီး အသုံးပြုသည့် Software တစ်မျိးဖြစ်သည်။ ဥပမာ- Microsoft Office, Photoshop, Pagemaker7.0 စသည့် Software တစ်မျိုးမျိုးကိုခေါ်သည်။

No comments:

Post a Comment