ကျွန်တော်တို့ကွန်ပျုတာရဲ့Tab Bar မှာပုံမှန်အတိုင်းဆိုရင် Firefox , G-Talk စတာတွေကို icon လေးတွေထားပြီးလိုတဲ့အချိန်မှာအလွယ်တကူဖွင့်ပြီးသုံးဖူးကြပါလိမ့်မယ်..။အခုနည်းလေးကတော့ Pokki ဆိုတဲ့ software လေးကိုသုံးပြီးမိမိတို့ရဲ့ Tab Bar ထဲမှာ G-Mail , Facebook , Google Search စတာတွေကိုမိမိတို့ကွန်ပျုတာရဲ့ Tab Bar ထဲမှာ Icon လေးတွေနဲ့ထားယုံသာမကပဲ ၊ အသုံးပြုလို့ရမှာဖြစ်ပါတယ်..။လန်းလန်းလေးတွေသုံးတက်တဲ့သူတွေအတွက်တော့အကြိုက်တွေ့မယ် လို့ထင်ပါတယ်..။ဒါပေမယ့်ဒီကောင်လေးမှာအားနည်းချက်တစ်ခုရှိတာကတော့ Myanmar Font ကို Support မလုပ်တဲ့အတွက်မြန်မာလိုတော့ပေါ်မှာမဟုတ်ပါဘူး..။ ဒါပေမယ့်ဒီကောင်လေးက Firefox တို့လို Bowser လေးတွေသုံးစရာမလိုတော့ပဲ Tab Bar ထဲက Icon လေးမှာတင် G-Mail တို့ Facebook တို့ကိုဖွင့်ပြီးအသုံးပြုလို့ရမှာဖြစ်ပါတယ်..ကျွန်တော်အသုံးပြုနည်းလေးကိုတော့ နည်းနည်းပြောပြပေးပါမယ်..
အရင်ဆုံး ဒီလင့်လေး မှာ Pokki ဆိုတဲ့ကောင်လေးကိုဒေါင်းလော့ချလိုက်ပါ ။ပြီးရင်မိမိတို့စက်မှာ Install လုပ်လိုက်ပါ..Install လုပ်ပြီးပြီဆိုရင်တော့ Windows Tab Bar မှာအောက်ကပုံလေးအတိုင်း Icon လေးပေါ်လာပါလိမ့်မယ်..။

အပေါ်ကပုံအတိုင်း Icon လေးပေါ်လာပြီဆိုရင်အဲ့ဒီကောင်လေးကို Click လိုက်ပါ..။ပြီးရင်မိမိတို့
ထည့်ချင်တဲ့ G-Mail , Facebook တို့ကို Tab Bar ထဲမှာထည့်ချင်တယ်ဆိုရင် Add to pooki ဆို
တာလေးကို Click ပေးလိုက်ယုံပါပဲ..။ အဲ့ဒီလိုပဲမိမိတို့ကြိုက်တဲ့ favourite web sites လေးတွေကို
Tab Bar ထဲမှာထည့်ပြီးသုံးလို့ရမှာဖြစ်ပါတယ်..။





အားလုံးပဲအဆင်ပြေကြပါစေ....ကျေးဇူးတင်ပါတယ်ခင်ဗျာ..
No comments:
Post a Comment