Friday, December 23, 2011

Interent Speed


ဒီနည်းလမ်းလေးကတော့ အင်တာနက် အသုံးပြုတဲ့ အခါမှာ မိမိတို့ကွန်ပျူတာက အသုံးပြုသူ ( Client Computer ) အဖြစ် အသုံးပြုတဲ့ သူများအတွက် အင်တာနက် Speed ကိုတိုးပြီး အသုံးပြုလို့ ရမယ့် နည်းလမ်းလေးပါ .. လောလောဆယ် အဆင်ပြေနိုင်မဲ့ နည်းလမ်းလေးကိုတော့ ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ အဆင့်ဆင့် ရှင်းပြပေးထားပါတယ် ..
အရင်ဆုံး Keyboard မှ Ctrl + R ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ .. ပြီးရင် Run Box ထဲမှာ gpedit.msc လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ .. ဒါဆိုရင် Local Group Policy Ediitor Box ပေါ်လာပါလိမ့်မယ် ....


 
 
အောက်ကပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း Administrative Templates >> Network >> QoS Packet Scheduler ဆိုပြီး အဆင့်ဆင့် သွားပြီး QoS Packet Scheduler ကိုရောက်ပြီ ဆိုရင် ညာဘက်က Limit reservable bandwidth ကိုရှာပါ .. တွေ့ပြီဆိုရင်  Double Ckick ပေးလိုက်ပါ။
 
အောက်ကပုံအတိုင်း Limit reservable bandwidth Box လေးပေါ်လာပါလိမ့်မယ် .. အဲ့ဒီကျရင် ပုံမှာ ပြထားတဲ့ အတိုင်း Not Configured ကို Enable ပေးလိုက်ပါ .. ပြီးရင် Bandwidth limit ( % ) ကို 20 မှ 80 ပြောင်းပေးလိုက်ပါ .. ပြီးရင်တော့ Apply >> OK ပေးလိုက်ယုံပါပဲ
 
ဒါကတော့ Client Computer တွေမှာ Internet Speed ကို လက်ရှိ Bandwidth Limit ထက်ပိုပြီး မြှင့်ပြီး သုံးနိုင်မဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ် .. သုံးကြည့်ချင်တဲ့ သူတွေကတော့ စမ်းကြည့်လိုက်ပေါ့ဗျာ ..

No comments:

Post a Comment