Friday, February 10, 2012

G-Mail အကောင့်နှစ်ခုကို တစ်ပြိုင်ထဲဖွင့်ချင်တယ် ဆိုရင်

ကျွန်တော်တို့ Browser တစ်ခုထဲမှာ G-mail နှစ်ခုကို တစ်ပြိုင်ထဲဖွင့်ပြီး အသုံးပြုချင်သူတွေ အတွက် နည်းလမ်းလေးပါ .. သိပြီးသား သူတွေကတော့ သည်းခံပေးပါ .. ကျွန်တော် အဆင်ပြေပြေ လုပ်တက်သွားအောင် အောက်မှာ ပုံလေးတွေနဲ့လည်း ရှင်းပြပေးထားပါတယ် ..

အရင်ဆုံးမိမိတို့ဖွင့်ချင်တဲ့G-Mailအကောင့်တစ်ခုကို ၀င်လိုက်ပါ။ ပြီးရင်ကျွန်တော် အောက်ကပုံ မှာပြထား တဲ့ အတိုင်း မိမိတို့အကောင့်လေးကို နှိပ်လိုက်ပါ .. ပေါ်လာတဲ့ အထဲက Switch account ကိုနှိပ်လိုက်ပါ ....... အောက်မှာ ပုံလေးတွေနဲ့လည်း ပြပေးထားပါတယ် .....။ ။
အောက်ကပုံအတိုင်း ပေါ်လာပြီ ဆိုရင်  Sign in to another account ကိုနှိပ်လိုက်ပါ .. ဒါဆို ရင် နောက်ထပ် အကောင့်တစ်ခု ထပ်ဝင်လို့ ရမဲ့ စာမျက်နှာလေး ပေါ်လာပါလိမ့်မယ် ..
အောက်ကပုံအတိုင်း မိမိတို့ G-Mail အကောင့် နောက်တစ်ခုကို ရိုက်ထည့်ပြီးသွားပြီ ဆိုရင်တော့ Browser တစ်ခုထဲမှာ အကောင့်နှစ်ခုလုံးကို တစ်ပြိုင်ထဲ အသုံးပြုလို့ ရသွားပြီ ဖြစ်ပါတယ် ..
 
အားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာ

No comments:

Post a Comment